Resent Posts

border: 1px solid #ddd; } #santosh143-widget li a { text-decoration: none; color: #4B545B; font-size: 12px; height: 18px; overflow: hidden; margin: 0px 0px; padding: 0px 0px 2px 0px; } #santosh143-widget img { float: left; margin-top: 10px; margin-right: 15px; background: #EFEFEF; border: 0; } #santosh143-widget img { -webkit-transition: all 0.5s ease; -moz-transition: all 0.5s ease; transition: all 0.5s ease; padding: 4px; background: #eee; background: -webkit-gradient(linear, left top, left bottom, from(#eee), color-stop(0.5, #ddd), color-stop(0.5, #c0c0c0), to(#aaa)); background: -moz-linear-gradient(top, #eee, #ddd 50%, #c0c0c0 50%, #aaa); -webkit-border-radius: 4px; -moz-border-radius: 4px; border-radius: 4px; -webkit-box-shadow: 0 0 3px rgba(0,0,0,.7); -moz-box-shadow: 0 0 3px rgba(0,0,0,.7); box-shadow: 0 0 3px rgba(0,0,0,.7); } #santosh143-widget img:hover { -moz-transform: scale(1.2) rotate(-350deg); -webkit-transform: scale(1.2) rotate(-350deg); -o-transform: scale(1.2) rotate(-350deg); -ms-transform: scale(1.2) rotate(-350deg); transform: scale(1.2) rotate(-350deg); -webkit-box-shadow: 0 0 20px rgba(255,0,0,.4), inset 0 0 20px rgba(255,255,255,1); -moz-box-shadow: 0 0 20px rgba(255,0,0,.4), inset 0 0 20px rgba(255,255,255,1); box-shadow: 0 0 20px rgba(255,0,0,.4), inset 0 0 20px rgba(255,255,255,1); } .spydate { overflow: hidden; font-size: 10px; color: #0284C2; padding: 2px 0px; margin: 1px 0px 0px 0px; height: 15px; font-family: Tahoma,Arial,verdana, sans-serif; } .spycomment { overflow: hidden; font-family: Tahoma,Arial,verdana, sans-serif; font-size: 10px; color: #262B2F; padding: 0px 0px; margin: 0px 0px; } /* ========== Scrolling Recent Posts Widget By santosh143.com ======== */ -->

Monday, December 30, 2013

Monday, December 30, 2013 တိုးမလား လျော့မလား ဆက်သွားမလား ရပ်နေမလား မြန်မာ့လုပ်သား




စက်မှုဇုန်လုပ်သားများ

၂ဝ၁၃ ခုနှစ်၏ အပြောင်းအလဲ ကို များစွာ မျှော်လင့် ထားခဲ့သော စက်မှုဇုန် အလုပ်သမားများ အတွက် ယခုနှစ်သည် ထူးမခြားနားနှစ်ဟု ဆိုရမည် ဖြစ် သည်။ ဥပဒေသစ်များ ထွက်ပေါ် လာပြီး အလုပ်သမား အဖွဲ့အစည်း အရေအတွက် ၇ဝဝ ကျော်သည် အထိ တိုးပွားခဲ့သည့် နှစ်လည်း ဖြစ်သည်။
”အလုပ်သမားတွေက ကိုယ့်အဖွဲ့အစည်းကို ခိုင်မာအောင်မလုပ်နိုင်ဘဲ အခွင့်အရေး တောင်းတာတွေနဲ့ပဲ အချိန်ကုန်ခဲ့ရတယ်” ဟု အလုပ်သမား သမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ ဦးထွန်းထွန်းနိုင် က ပြောသည်။

ထို့အပြင် ယမန်နှစ်က ဖြစ်ပွားခဲ့သော ဆန္ဒပြမှု အရှိန်သည် ရပ်တန့်သွားခြင်း မရှိခဲ့ဘဲ အလုပ်သမား ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပေါ်ခဲ့သော နှစ်ဟုလည်း ဆိုရမည် ဖြစ်သည်။ ၂ဝ၁၂ ခုနှစ်က အလုပ်သမား ဆန္ဒပြ မှုများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြမှုများသည် လုပ်ခလစာပေါ် အခြေခံသောကြောင့် အနည်းဆုံး အခကြေးငွေ ဥပဒေ ထွက်လာလျှင် ထိုသို့သော ဖြစ်စဉ်များ လျော့နည်း သွားနိုင်သည်ဟု သုံးသပ်မှု များ ရှိခဲ့သည် ။၂ဝ၁၃ ခုနှစ်တွင်လည်း ထိုဥဒေ ထုတ်ပြန်မည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီး ဌာနက  တရားဝင် ထုတ်ပြန်ထားခဲ့သည်။

သို့သော်လည်း အလုပ်သမား ဆန္ဒ ပြမှုများက ရပ်ဆိုင်းမသွား။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် လှိုင်သာယာ စက်မှုဇုန်ရှိ  Globe Electronic စက်ရုံအလုပ်သမားများ၏ ဆန္ဒပြ မှုမှစ၍ တစ်နှစ်လုံးလိုလိုပင် အလုပ်သ မား ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ နှစ် ဆန်းပိုင်း ဖေဖော်ဝါရီ တစ်လတည်း တွင်ပင် အလုပ်ရှင် အလုပ်သမား အငြင်း ပွားမှုပေါင်း ၆၄ ခုရှိခဲ့သည် ။
”တောင်းဆိုတဲ့ အခွင့်အရေးတွေ က တော်တော်များများက အလုပ် သမားထုအတွက်တောင်းတာ မဟုတ် ဘူး။ တချို့ တောင်းဆိုချက်တွေက အလုပ်ရှင်တွေ မပေးနိုင်တဲ့ တောင်းဆိုချက် တွေလည်းတွေ့ရတယ် ”ဟု ၄င်းကအ လုပ်သမားများ၏ တောင်းဆိုချက်များ ကိုသုံးသပ်သည်။
ထို့နောက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ၂ဝ၁၃ခုနှစ် မတ်လ၂၂ ရက်တွင် အနည်းဆုံး အခကြေးငွေ ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ သို့သော်လည်း ဥပဒေထွက်ပြီး နည်းဥပဒေ မထွက်သေးသော ကြောင့် အလုပ်သမားများ အတွက် လုပ်ခလစာ သတ်မှတ်ရေး နည်းဥပဒေ ကို စောင့်ခဲ့ရပြန်သည်။

နည်းဥပဒေ မထွက်မီ အချိန်တွင်လည်း New Way , Gallant Ocean  (အအေးခန်း)၊ Costec (အထည်ချုပ်)၊ Asia World(စက်ပြင်)၊ Bright Jaun  (အထည်ချုပ်) စသည့် စက်ရုံအလုပ် သမားဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ် ခဲ့ပြီး အလုပ်သမားများ စောင့်မျှော်နေ သော အနည်းဆုံး အခကြေးငွေ နည်းဥပဒေကို ဇူလိုင် ၁၂ ရက်တွင် ပြဋ္ဌာန်း ခဲ့သည်။
အနည်းဆုံး အခကြေးငွေ နည်း ဥပဒေ ထွက်ပေါ်လာသောအခါ အလုပ် သမားအရေး လေ့လာသူများက ကျယ် လောင်စွာ ထောက်ပြကြသော အချက် မှာ အနည်းဆုံး အခကြေးငွေ သတ်မှတ် သည့် စံနှုန်းပင်ဖြစ်သည်။
”သူက အခကြေးငွေ လို့ဆိုရာမှာ အလုပ်ရှင်က သဘောကျလို့ပေးတဲ့ ဆုကြေးတွေ ၊ အချိန်ပိုလုပ်ခတွေပါ ထည့်တွက်ထားတယ်၊ အမှန်တကယ်က အလုပ်သမားရဲ့ တစ်နေ့ရှစ်နာရီလုပ်အားခပဲဖြစ်ရမှာ” ဟု ခုံသမာ ဓိ ကောင်စီဝင် ဦးရဲနိုင်ဝင်းက ဥပဒေကို ထောက်ပြသည်။

အလုပ်သမားများ၏ တစ်နေ့ ရှစ်နာရီလုပ်အားခကို မတွက်ဘဲ ထိုသို့ အပိုဆုကြေးများပါ ထည့်တွက်မည်ဆို လျှင် အနည်းဆုံး လုပ်အားခ သတ်မှတ်သော်လည်း အချည်းနှီးပင် ဖြစ်မည်ဟု ၄င်းက မှတ်ချက်ပြုသည်။ နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည်မှာ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရန်အတွက် အမျိုးသားကော်မတီကို ဦးစွာဖွဲ့စည်းရမည် ဖြစ်သည်။ အမျိုးသားကော်မတီ ဖွဲ့စည်းပြီး အမျိုးသားကော်မတီက သက်ဆိုင်ရာတိုင်းဒေသကြီး (သို့) ပြည်နယ် ကော်မတီများကို ဖွဲ့စည်းပေးရမည် ဖြစ်သည်။ တိုင်းဒေသကြီး၊ ပြည်နယ် ကော်မတီများက အလုပ်သမားများ၏ လူနေမှု စရိတ်နှင့် လုပ်ခ လစာတို့ကို ကွင်းဆင်းကာ စစ်တမ်း ကောက်ယူပြီး အမျိုးသား ကော်မတီသို့ ပြန်လည် တင်ပြရမည်ဟုသိရသည်။

သို့သော်လည်း အမျိုးသားကော်မတီ ဖွဲ့စည်းပုံသည် သမ္မတရုံးသို့ တင်ထားဆဲဖြစ်ပြီး ဖွဲ့စည်းပုံ ပြန်ကျမှသာ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး စစ်တမ်း ကောက်ယူမှုများ စတင် လုပ်ဆောင်နိုင်မည် ဖြစ်၍ အခကြေးငွေ သတ်မှတ်ရေး လုပ်ငန်းများ ၂ဝ၁၄မှသာ လုပ်ဆောင်နိုင်မည်ဟု အလုပ်သမား ရေးရာ ဆက်ဆံရေး ဦးစီးဌာနမှ  ညွှန် ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက ပြောသည်။

“‘အနည်းဆုံး အခကြေးငွေက လုပ်ငန်း အမျိုးအစား ၂၁ မျိုးအတွက် သတ်မှတ်ရမှာ၊ အလုပ် အမျိုးအစားက အမျိုးမျိုးဆိုတော့ ကော်မတီမှာ ပိုပြီးအလုပ်ရှုပ်မှာပေါ့” ဟု ဦးရဲနိုင်ဝင်းက ပြော ကြားပြီး ကော်မတီအတွက် လိုအပ်သည့် ဒေသတွင်း နိုင်ငံများ၏  အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အ ချက်အလက်များကို အစိုးရက ရှာဖွေ ကူညီပေးခြင်းဖြင့် လုပ်ငန်းများ ပိုမို လျင် မြန်နိုင်မည်ဟု မှတ်ချက်ပြုသည်။

အနည်းဆုံး အခကြေးငွေသတ်မှတ်ရာတွင် ဦးစားပေး ကဏ္ဍအဖြစ် လက်ခစား လုပ်ငန်းများကို ဦးစားပေး သတ်မှတ်မည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းများမှ လုပ်ငန်းရှင်များ၊ အလုပ်သမား ကိုယ်စားလှယ်များ ၊ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပွဲများကို ယခုနှစ်အတွင်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ သည်။ သို့သော်လည်း သဘော တူညီ ချက် တစ်စုံတစ်ရာ မရရှိသေးသည်ကို တွေ့ရသည်။ လုပ်ငန်း ၂၁ ခုထဲမှ တစ်ခု ဖြစ်သည့် လက်ခစား လုပ်ငန်းအတွက်ပင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး မလုပ်ဆောင် ရသေးသောကြောင့် အခြားကဏ္ဍမှ အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးမှာ ၂ဝ၁၄ တွင်လည်း ကြန့် ကြာဦးမည့် အနေအထား ဖြစ်သည်ဟု အလုပ်သမားရေး စောင့်ကြည့်သူများက မှတ်ချက်ပြုကြသည်။

ဥပဒေဟောင်းများပြင်ဆင်ရေးဆွဲ

အနည်းဆုံး အခကြေးငွေ ဥပဒေနည်းတူ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို ၂ဝ၁၃ခုနှစ် သြဂုတ်လ ၃ဝ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။ ထို့အပြင် ပြည်ပရောက် မြန်မာ အလုပ်သမားများကို ကာကွယ်ပေးနိုင်ရေး အတွက် ၁၉၉၉ခုနှစ် ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေကို ပြုပြင်ရေးဆွဲ နေပြီး ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက် ဥပဒေကို လည်း ပြင်ဆင် ရေးဆွဲနေ ကြောင်း သိရသည်။ အလုပ်သမားများ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးဥပဒေ၊ နိုင်ငံခြားသား အလုပ်သမား ဆိုင်ရာ ဥပဒေတို့ကိုလည်း အသစ် ရေးဆွဲနေကြောင်း သိရသည်။ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေ သည် လာမည့်နှစ်တွင် ထုတ်ပြန်နိုင်မည်ဟုလည်း သိရသည်။

ဥပဒေအားနည်းချက်

ဥပဒေသစ်များ ရေးဆွဲ နေသလို ထုတ်ပြန်ပြီးသား ဥပဒေအဟောင်း၏ အားနည်းချက်ကြောင့် ယခုနှစ်အတွင်း အလုပ်ရှင် အလုပ်သမား ပြသနာ ပိုမိုကြီးထွားခဲ့သည်။ ၂ဝ၁၂ခုနှစ် နှစ်လယ်ပိုင်း တွင် ဖြစ်ပွားခဲ့သော ရွှေပြည်သာမြို့နယ်၊ တော်ဝင်သစ် အချောထည်စက်ရုံ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုသည် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်သည့် ခုံ သမာဓိ ကောင်စီသို့ပင် ရောက်ရှိခဲ့ပြီး ခုံသမာဓိ ကောင်စီမှ ဆုံးဖြတ် ချက် ချမှတ်ပေးခဲ့သည်။ ထိုဆုံးဖြတ်ချက်များကို အလုပ်ရှင်ဘက်မှ မလိုက်နာသောကြောင့်  အလုပ်သမားများဘက်မှ ဆန္ဒပြမှုများ ထပ်မံ ဖြစ်ပွားခဲ့ပြီး ထိုဆန္ဒပြမှုများကြောင့် အလုပ်သမား ခေါင်းဆောင်များ ပုဒ်မ၁၈ ဖြင့် အရေးယူခံခဲ့ရသည်။ ၂ဝ၁၂ခုနှစ်က ပြဋ္ဌာန်းခဲ့သော အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး နည်းဥပဒေတွင် ခုံသမာဓိ ကောင်စီ၏ ဆုံးဖြတ်ချက်ကို မလိုက်နာသော အလုပ်ရှင်ကို အရေးယူရန် ပြစ်ဒဏ် မပါရှိသောကြောင့် ထိုသို့ မလိုလားအပ်သော ပြသနာများ ထပ်မံ ဖြစ်ပွားရသည် ဟု အလုပ်သမား အရေးဆောင် ရွက်သူများက မှတ်ချက်ပြုကြသည်။ ရန်ကုန်တွင် သာမက မန္တလေးတွင်လည်း အလားတူ ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။  ထိုအားနည်းချက်ကို ပြင်ဆင်ရန်အတွက် အလုပ်သမား ကိုယ်စားလှယ်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနတို့က  ၂ဝ၁၃ခုနှစ် ဇန်နဝါရီလကတည်းက ဆောင်ရွက်ခဲ့ပြီး ပြစ်ဒဏ် ထည့်သွင်း ဖြည့်စွက်နိုင်ရေး အတွက် လွှတ်တော် နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြ ထားသော်လည်း တစ်နှစ် ပြည့်ခါနီး ချိန်အထိ တစ်စုံတစ်ရာ ထူးခြားမှု မရှိ သေးကြောင်း အလုပ်သမား ကိုယ်စားလှယ် တစ်ဦးကဆိုသည်။

အစိုးရဝန်ထမ်းများ လစာတိုးသည့်နှစ်

ယခုနှစ်တွင် အစိုးရဝန်ထမ်းများ အတွက် အပိုထောက်ပံ့ကြေးဟု ခေါင်းစဉ်တပ်ကာ လစာ ကျပ်သုံးသောင်း တိုးပေးခဲ့သည် ။ မလောက်ငှသော ဝင်ငွေ နှင့် ရပ်တည် နေကြရသည့်အတွက် ပြည်သူ့ ဝန်ထမ်းများ၏ အကျင့် ပျက် ခြစားမှုနှင့် အဂတိ လိုက်စားမှုများသည် နိုင်ငံတွင် အမြစ်တွယ်သလို ဖြစ်နေသည် ကို တိုက်ဖျက်နိုင်ရန် ဆွေးနွေးချက်ပေါ်တွင် အခြေခံကာ ဥပဒေကြမ်း ကော်မတီက ဝန်ထမ်း လစာတိုးရေး အဆိုပြုချက်ကို တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြု တောင်းခံခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့ဝန်ထမ်းများ၏ လစာ တိုးမြှင့်ရေး ဆိုင်ရာ အဆိုပြုချက်ကို ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ပြုလုပ်သော ပြည်ထောင် စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် ဧပြီလမှစ၍ ဝန်ထမ်း လစာ ထပ်တိုးပေးခဲ့သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၁၉၄၈ ခုနှစ်၊ ၁၉၇၂ခုနှစ် ၊၁၉၈၉ ခုနှစ်၊ ၁၉၉၃ ခုနှစ်၊ ၂ဝဝဝ ပြည့်နှစ်၊ ၂ဝဝ၆ ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ်တို့တွင် အစိုးရ ဝန်ထမ်းများအား လစာ တိုးပေးခဲ့ သည်။ လစာသုံးသောင်း တိုးမြှင့် ရရှိခဲ့သော်လည်း ဝန်ထမ်းများအတွက် စားဝတ်နေရေး အခက်ခဲများ ရှိနေဆဲဖြစ်ကြောင်း သာကေတ မြို့နေ လျှပ်စစ်ဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။  ”ကျွန်တော်တို့ဆို နှစ်နှစ်နေမှ လစာတစ်ထောင် တိုးတာ ဘယ်လိုလုပ် အဆင်ပြေမလဲ” ဟု အထက်ပါလျှပ် စစ်ဝန်ထမ်းက ပြောသည်။
Popular Myanmar News Journal 

0 comments:

Post a Comment