Resent Posts

border: 1px solid #ddd; } #santosh143-widget li a { text-decoration: none; color: #4B545B; font-size: 12px; height: 18px; overflow: hidden; margin: 0px 0px; padding: 0px 0px 2px 0px; } #santosh143-widget img { float: left; margin-top: 10px; margin-right: 15px; background: #EFEFEF; border: 0; } #santosh143-widget img { -webkit-transition: all 0.5s ease; -moz-transition: all 0.5s ease; transition: all 0.5s ease; padding: 4px; background: #eee; background: -webkit-gradient(linear, left top, left bottom, from(#eee), color-stop(0.5, #ddd), color-stop(0.5, #c0c0c0), to(#aaa)); background: -moz-linear-gradient(top, #eee, #ddd 50%, #c0c0c0 50%, #aaa); -webkit-border-radius: 4px; -moz-border-radius: 4px; border-radius: 4px; -webkit-box-shadow: 0 0 3px rgba(0,0,0,.7); -moz-box-shadow: 0 0 3px rgba(0,0,0,.7); box-shadow: 0 0 3px rgba(0,0,0,.7); } #santosh143-widget img:hover { -moz-transform: scale(1.2) rotate(-350deg); -webkit-transform: scale(1.2) rotate(-350deg); -o-transform: scale(1.2) rotate(-350deg); -ms-transform: scale(1.2) rotate(-350deg); transform: scale(1.2) rotate(-350deg); -webkit-box-shadow: 0 0 20px rgba(255,0,0,.4), inset 0 0 20px rgba(255,255,255,1); -moz-box-shadow: 0 0 20px rgba(255,0,0,.4), inset 0 0 20px rgba(255,255,255,1); box-shadow: 0 0 20px rgba(255,0,0,.4), inset 0 0 20px rgba(255,255,255,1); } .spydate { overflow: hidden; font-size: 10px; color: #0284C2; padding: 2px 0px; margin: 1px 0px 0px 0px; height: 15px; font-family: Tahoma,Arial,verdana, sans-serif; } .spycomment { overflow: hidden; font-family: Tahoma,Arial,verdana, sans-serif; font-size: 10px; color: #262B2F; padding: 0px 0px; margin: 0px 0px; } /* ========== Scrolling Recent Posts Widget By santosh143.com ======== */ -->

Saturday, November 9, 2013

Saturday, November 9, 2013 မန္တလေးနန်းမြို့တွင်း ရှေးဟောင်းယဉ်ကျေးမှု ဥယျာဉ်အဖြစ် ထားရှိမည်



မန္တလေး၊ နိုဝင်ဘာ ၈

မန္တလေးမြို့ နန်းမြို့အတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော် အပါအဝင် ရှေးဟောင်း အဆောက်အအုံများ၊ ပြတိုက်များကို ရှေးဟောင်း နယ်မြေအဖြစ် သတ်မှတ်၍ ရှေးဟောင်း ယဉ်ကျေးမှု ဥယျာဉ် (Historical Park) အဖြစ် ထားရှိရန် စီစဉ်လျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မြင့်ကြူက နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်သော ရှေးဟောင်းနှင့် အခွန်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ၌ ပြေကြားသည်။

“ထိုင်းနိုင်ငံက Historical Park လိုမျိုး မန္တလေးက နန်းတွင်း မြနန်းစံကျော်အပြင် ပတ်ဝန်းကျင် နေရာတွေကိုပါ လုပ်သွားမှာပါ။ နန်းတွင်းက နန်းသုံး အဆောင်အယောင် ပစ္စည်းတွေ ထားတဲ့ ပြတိုက်တွေကိုလည်း အဆင့်မြင့် နည်းပညာသုံး အဆင့် မြှင့်တင်သွားမယ်” ဟု ဝန်ကြီး ဒေါက်တာ မြင့်ကြူက ဆိုသည်။

အဆိုပါ ယဉ်ကျေးမှု နယ်မြေများကို ပြီးခဲ့သည့် ဇွန်လမှ စတင်၍ ယဉ်ကျေးမှု ဝန်ကြီးဌာနက မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ လွှဲပြောင်းခဲ့ပြီး ဇွန်လမှ နိုဝင်ဘာလ အထိ မြနန်းစံကျော် ရွှေနန်းတော်သို့ နိုင်ငံသား ဝင်ကြေးအဖြစ် ကောက်ခံ ရရှိငွေပေါင်း ကျပ်သိန်း ၁၀၀ ကျော် ရရှိကြောင်း ၎င်းက ဆိုသည်။

နိုင်ငံခြားသား ဝင်ကြေးအဖြစ် ကောက်ခံ ရရှိငွေပေါင်းကို ပြည်ထောင်စု အစိုးရက မန္တလေးတိုင်း ဒေသကြီး အစိုးရသို့ လွှဲပြောင်းပေးရန် ညှိနှိုင်းလျက် ရှိကြောင်း၊ နိုင်ငံခြားသား ဝင်ကြေးကို မန္တလေးတိုင်း ဒေသကြီး အစိုးရကို လွှဲပြောင်း ပေးပြီးပါက အဆိုပါ နန်းတော်ကို Historical Park အဖြစ် စတင် ဆောင်ရွက်ရန် စီစဉ်မည် ဖြစ်ကြောင်း ဒေါက်တာမြင့်ကြူက ပြောကြားသည်။

အဆိုပါ မြနန်းစံကျော် ရွှေနန်းတော်ကို Historical Park အဖြစ် အဆင့်မြှင့်တင်ရန် စုစုပေါင်း ကုန်ကျငွေ ကျပ်သိန်း ၁၅၀၀ ခန့် အကြမ်းဖျင်း ခန့်မှန်းထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“နန်းမြို့တွင်းကို ရှေးဟောင်း ယဉ်ကျေးမှု ဥယျာဉ်တစ်ခု တည်ဆောက်မယ်ဆို ကောင်းပါတယ်။ အဲ့လို ဥယျာဉ်ထဲမှာ ရှေးဟောင်း ပြကွက်တွေ၊ မြေဝိုင်း အကတွေ၊ ဘုန်းကြီးတွေ ဆွမ်းခံလှည့်တာ အစရှိတဲ့ ယဉ်ကျေးမှု ပြကွက်တွေကို ထားရှိသင့်တယ်။ ဒီလိုမဟုတ်ဘဲ ရှေးဟောင်း ယဉ်ကျေးမှု ဥယျာဉ်ထဲမှာ- KTV တွေ ၊ စားသောက်ဆိုင်တွေ ထည့်မယ် ဆိုရင်တော့ ဒါဟာ မဖြစ်သင့်ဘူး” ဟု မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က ဆိုသည်။

မြနန်းစံကျော် ရွှေနန်းတော်သည် မန္တလေးမြို့တော်၏ သတ္တဌာန ခုနစ်ဌာနတွင် တစ်ဌာန အပါအဝင် ဖြစ်ပြီး မင်းတုန်းမင်းတရားကြီး တည်ထားခဲ့သော နန်းတော် ဖြစ်ကာ အမရပူရ နေပြည်တော်မှ မန္တလေး ရတနာပုံ နေပြည်တော်သို့ ပြောင်းရွှေ့ စံမြန်းတော်မူခဲ့သော ပထမဆုံး နန်းတော် ဖြစ်သည်။

ဒုတိယ ကမ္ဘာစစ်အတွင်းက ဗုံးဒဏ်ကြောင့် မီးသင့်ခဲ့၍ ယခုတစ်ဖန် အသစ်ပြန်လည် တည်ဆောက်ထားခြင်း ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment