Resent Posts

border: 1px solid #ddd; } #santosh143-widget li a { text-decoration: none; color: #4B545B; font-size: 12px; height: 18px; overflow: hidden; margin: 0px 0px; padding: 0px 0px 2px 0px; } #santosh143-widget img { float: left; margin-top: 10px; margin-right: 15px; background: #EFEFEF; border: 0; } #santosh143-widget img { -webkit-transition: all 0.5s ease; -moz-transition: all 0.5s ease; transition: all 0.5s ease; padding: 4px; background: #eee; background: -webkit-gradient(linear, left top, left bottom, from(#eee), color-stop(0.5, #ddd), color-stop(0.5, #c0c0c0), to(#aaa)); background: -moz-linear-gradient(top, #eee, #ddd 50%, #c0c0c0 50%, #aaa); -webkit-border-radius: 4px; -moz-border-radius: 4px; border-radius: 4px; -webkit-box-shadow: 0 0 3px rgba(0,0,0,.7); -moz-box-shadow: 0 0 3px rgba(0,0,0,.7); box-shadow: 0 0 3px rgba(0,0,0,.7); } #santosh143-widget img:hover { -moz-transform: scale(1.2) rotate(-350deg); -webkit-transform: scale(1.2) rotate(-350deg); -o-transform: scale(1.2) rotate(-350deg); -ms-transform: scale(1.2) rotate(-350deg); transform: scale(1.2) rotate(-350deg); -webkit-box-shadow: 0 0 20px rgba(255,0,0,.4), inset 0 0 20px rgba(255,255,255,1); -moz-box-shadow: 0 0 20px rgba(255,0,0,.4), inset 0 0 20px rgba(255,255,255,1); box-shadow: 0 0 20px rgba(255,0,0,.4), inset 0 0 20px rgba(255,255,255,1); } .spydate { overflow: hidden; font-size: 10px; color: #0284C2; padding: 2px 0px; margin: 1px 0px 0px 0px; height: 15px; font-family: Tahoma,Arial,verdana, sans-serif; } .spycomment { overflow: hidden; font-family: Tahoma,Arial,verdana, sans-serif; font-size: 10px; color: #262B2F; padding: 0px 0px; margin: 0px 0px; } /* ========== Scrolling Recent Posts Widget By santosh143.com ======== */ -->

Sunday, November 10, 2013

Sunday, November 10, 2013 ထိုင်းယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ခအပါ ပွဲစားကြေး ငါးဆခန့် ပေးရဟုဆို



ရန်ကုန်၊ နိုဝင်ဘာ ၉

မြန်မာနိုင်ငံသား အများဆုံး ပြည်ပသို့ သွားရောက် အလုပ်လုပ်ရာ ထိုင်းနိုင်ငံတွင် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်သည့် ပေါက်ဈေးမှာ သတ်မှတ် ကုန်ကျငွေထက် ငါးဆ (ဘတ် တစ်သောင်းခွဲကျော်) ပေးရကြောင်းကို ထိုင်းနိုင်ငံတွင် လက်ရှိလုပ်ကိုင် နေသူများထံမှ သိရသည်။
“ဘတ်တစ်သောင်း အောက်တော့ မလျော့ဘူး။ ကျွန်တော်ဆို ပွဲစားကြေးပါ အပါ အားလုံး တစ်သောင်းငါးထောင်ငါးရာ ပေးလိုက်ရပြီး ပွဲစားက လိမ်သွားလို့ ကိုယ့်ဖာသာ ပြန်လုပ်နေရတယ်” ဟု စမွတ်ပရာကန်တွင် စည်သွတ်ဘူး စက်ရုံတွင် လုပ်ကိုင်နေသူ ဦးမြင့်နိုင်က ဆိုသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် ဖွင့်လှစ်ထားသော One Stop Service ရုံးခန်း ၁၂ ခုရှိပြီး ယာယီ နိုင်ငံကူးလက်မှတ် လျှောက်ထားသူပေါင်း ၂ ဒသမ ၉ သိန်းကျော်တွင် မြန်မာနိုင်ငံသား ၁၁၂,၂၅၀ ဦး ရှိကြောင်းလည်း ထိုင်း-မြန်မာ အခြေစိုက် အလုပ်သမား ကူညီရေး အဖွဲ့များထံမှ သိရသည်။

ထိုင်းနှင့်မြန်မာ အစိုးရတို့၏ မူလ ရည်မှန်းချက်ဖြစ်သော တရားဝင် အလုပ်သမားများ ဖြစ်စေရေးအတွက် ဆောင်ရွက်ချက်များမှာ ယခုအချိန်ထိ အောင်မြင်မှု မရှိသေးကြောင်း၊ ထို့အတွက် အလုပ်သမားများအတွက်များစွာ အနှောင့်အယှက် ဖြစ်လာစေပြီး ရွှေ့ပြောင်း အလုပ်သမား တို့သည်လည်း ယခင်အတိုင်းပင် ပွဲစားတို့၏ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်း၊ လိမ်လည်ခံရခြင်း၊ ကြွေးမြီများဖြင့် ချည်နှောင်၍ အဓမ္မစေခိုင်း ခံရပြီး လူကုန်ကူးမှု အသွင်သဏ္ဌာန် အဖြစ်သို့ ကျရောက်လာနိုင်ကြောင်း၊ ထို့အပြင် ထောင်ပေါင်းများစွာသော အလုပ်သမား တို့သည်လည်း တရားဝင် အလုပ်သမားအဖြစ်မှ တရားမဝင် အလုပ်သမား အဖြစ်သို့ တဖြည်းဖြည်း ရောက်ရှိလာနိုင် ကြောင်းလည်း ရွေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးစိန်ဌေးက ဆိုသည်။
“ယာယီစာအုပ် လုပ်ခက ဘတ် ၅၅၀၊ ဗီဇာက ဘတ် ၅၀၀၊ ဆေးစစ်တာက ဘတ် ၆၀၀၊ Work Permit က စက်ရုံသမားဆို ဘတ် ၁၉၀၀ အားလုံးပေါင်းမှ ဘတ် ၃၅၅၀ ပေါ့။ ခုလိုပွဲစားတွေ လုပ်ပုံနဲ့က အလုပ်သမားတွေပဲ နစ်နာတာပေါ့” ဟု ၎င်းက သူ၏အမြင်ကို ဆိုသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမား သုံးသန်းကျော်ခန့် ရှိပြီး ၈၀ ရာခိုင်နှုန်းခန့်မှာ မြန်မာနိုင်ငံသား အလုပ်သမားများ ဖြစ်ကြောင်း၊ တရားဝင် အလုပ်သမား ဖြစ်စေရန်အတွက် ထိုင်းအစိုးရသည် ၂၀၀၂-၂၀၀၃ ခုနှစ် ကတည်းကပင် မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ အစိုးရတို့နှင့် ၂၀၀၉ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် နယ်စပ်မှတစ်ဆင့် တရားဝင် အလုပ်သမား စေလွှတ်ခဲ့ရာ ယနေ့အထိ အလုပ်သမားဦးရေ ခုနစ်သောင်းကျော် စေလွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။
“တစ်သောင်းခွဲကတော့ များတာအမှန်ပဲ။ ဒါပေမဲ့ တစ်ခုတော့ သတိထားရမယ်။ ကိုယ့်ကိုလုပ်ပေးတဲ့ ပွဲစားက အမှန်ရော ဟုတ်ရဲ့လားဆိုတာ” ဟု မြဝတီမြို့ရှိ နှင်းပန်းဝါ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ လက်ထောက်ဒါရိုက်တာ ဦးမျိုးညီက ဆိုသည်။

ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ခမှာ ဘတ်တစ်သောင်း ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ အလုပ်လုပ်ကိုင်ခွင့် ပါမစ်အပေါ် မူတည်ပြီး ဈေးနှုန်း ကွဲပြားနိုင်ကြောင်းလည်း ၎င်း၏ အပြောအရ သိရသည်။

တရားဝင် အလုပ်သမားအဖြစ် ရပ်တည်နိုင်ရေးအတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားတို့သည် နိုင်ငံသားစိစစ်မှု ပြုလုပ်ခဲ့ကြရာ ယနေ့အချိန်တွင် ၁ ဒသမ ၇ သန်းခန့်သည် ယာယီနိုင်ငံကူး လက်မှတ်နှင့် ထိုင်းဗီဇာ ရရှိခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော် ထိုင်းနိုင်ငံ၏ အလုပ်သမား ဝန်ကြီးဌာနတွင် အလုပ်လုပ်ခွင့် လက်မှတ် ပြုလုပ်ထားသူ စာရင်းမှာ ၇ ဒသမ ၅ သိန်းခန့်သာ ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု ခံစားရရှိရန်အတွက် မဖြစ်မနေ ပြုလုပ်ရမည့် လူမှုဖူလုံရေး ရန်ပုံငွေ ပေးသွင်းမှု စာရင်းမှာလည်း နှစ်သိန်းကျော်ခန့်သာ ရှိကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင် အစိုးရစာရင်းအရ တရားမဝင် အလုပ်သမား နှစ်သန်းခန့် ရှိသည့်အနက် ၁ ဒသမ ၆ သန်းကို တရားဝင် အထောက်အထား ထုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရောက် တရားမဝင် မြန်မာ လုပ်သားများကို အထောက်အထား ထုတ်ပေးရေးအတွက် ထိုင်းနိုင်ငံ အစိုးရက ၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့သို့ တစ်ကြိမ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့သို့ တစ်ကြိမ်၊ ယခုနှစ် မေလ ၁၅ ရက်နေ့သို့ တစ်ကြိမ်၊ သြဂုတ်လ ၁၁ ရက်နေ့သို့ တစ်ကြိမ် စုစုပေါင်းလေးကြိမ် ခွင့်ပြုခဲ့ပြီး ယခုငါးကြိမ်မြောက် အဖြစ် မြန်မာအစိုးရက တောင်းဆိုထားခဲ့ပြီး ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment