Resent Posts

border: 1px solid #ddd; } #santosh143-widget li a { text-decoration: none; color: #4B545B; font-size: 12px; height: 18px; overflow: hidden; margin: 0px 0px; padding: 0px 0px 2px 0px; } #santosh143-widget img { float: left; margin-top: 10px; margin-right: 15px; background: #EFEFEF; border: 0; } #santosh143-widget img { -webkit-transition: all 0.5s ease; -moz-transition: all 0.5s ease; transition: all 0.5s ease; padding: 4px; background: #eee; background: -webkit-gradient(linear, left top, left bottom, from(#eee), color-stop(0.5, #ddd), color-stop(0.5, #c0c0c0), to(#aaa)); background: -moz-linear-gradient(top, #eee, #ddd 50%, #c0c0c0 50%, #aaa); -webkit-border-radius: 4px; -moz-border-radius: 4px; border-radius: 4px; -webkit-box-shadow: 0 0 3px rgba(0,0,0,.7); -moz-box-shadow: 0 0 3px rgba(0,0,0,.7); box-shadow: 0 0 3px rgba(0,0,0,.7); } #santosh143-widget img:hover { -moz-transform: scale(1.2) rotate(-350deg); -webkit-transform: scale(1.2) rotate(-350deg); -o-transform: scale(1.2) rotate(-350deg); -ms-transform: scale(1.2) rotate(-350deg); transform: scale(1.2) rotate(-350deg); -webkit-box-shadow: 0 0 20px rgba(255,0,0,.4), inset 0 0 20px rgba(255,255,255,1); -moz-box-shadow: 0 0 20px rgba(255,0,0,.4), inset 0 0 20px rgba(255,255,255,1); box-shadow: 0 0 20px rgba(255,0,0,.4), inset 0 0 20px rgba(255,255,255,1); } .spydate { overflow: hidden; font-size: 10px; color: #0284C2; padding: 2px 0px; margin: 1px 0px 0px 0px; height: 15px; font-family: Tahoma,Arial,verdana, sans-serif; } .spycomment { overflow: hidden; font-family: Tahoma,Arial,verdana, sans-serif; font-size: 10px; color: #262B2F; padding: 0px 0px; margin: 0px 0px; } /* ========== Scrolling Recent Posts Widget By santosh143.com ======== */ -->

Thursday, November 7, 2013

Friday, November 8, 2013 သဘောထားတင်းမာသူ ပါကစ္စတန် တာလီဘန် ခေါင်းဆောင်သစ်ဖြစ်လာ



ပါကစ္စတန်တာလီဘန် ခေါင်းဆောင်သစ် မူလာဖက်ဇ် လူလာ
ပါကစ္စတန်တာလီဘန်ခေါင်းဆောင် ဟာကီမူလာ မာဆု အမေရိကန်တို့ရဲ့ မောင်းသူမဲ့ လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီးတဲ့နောက် အခုအခါ ပါကစ္စတန် တာလီဘန်ခေါင်းဆောင် သစ်အဖြစ် Mullah Fazlullahမူလာ ဖက်ဇ် လူလာကို ရွေးချယ်ခဲ့ကြပါတယ်။

အခုလို ခေါင်ဆောင်သစ်ရွေးဖို့ တာလီဘန် အုပ်ချုပ်ရေးကောင်စီက ရ ရက် အချိန်ယူခဲ့ရပါတယ်။

Mullah Fazlullah ဟာ အထူးသဖြင့် တင်းမာတဲ့ သဘောထားရှိတဲ့ တပ်မှုးတဦးဖြစ်ပြီး သူ့ရဲ့ တပ်က ပညာသင်ကြားခွင့် လှုပ်ရှားသူ ကျောင်းသူလေး မာလာလာ ယူဆွပ်ဇီကို သေနတ်နဲ့ပစ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပါကစ္စတန်တာလီဘန်ခေါင်းဆောင်ဟောင်း မာဆုဟာ နိုဝင်ဘာ ၁ရက်နေ့က ဝါဇီရီစတန် မြောက်ပိုင်းမှာ ဒုံးကျည်ထိမှန်သေဆုံးခဲ့တာဖြစ်ပြီး၊ ပါကစ္စတန်အစိုးရက သူနဲ့ ငြိမ်းချမ်းရေး ပြောဆိုဆွေးနွေးဖို့ ကြိုးစားနေတုံး သေဆုံးခဲ့တာပါ။

အခုလို တာလီဘန်ခေါင်းဆောင်သစ်အဖြစ် မူလာ ဖက်ဇ် လူလာကို ရွေးခဲ့တဲ့ အပေါ် ပါကစ္စတန်ပြည်သူ အများအပြားက ကျေနပ်ကြမဲ့ ပုံမရှိဘူးလို့ အစ္စလမ်မာဘတ်မှာရှိတဲ့ဘီဘီစီ သတင်းထောက် အမ်အီလီယက်စ် ခန်က ပြောပါတယ်။

သူဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး ပြောဆိုဆွေးနွေးဖို့ကြိုးစားနေတာကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်နေသူတဦးဖြစ်ပြီး၊ သူ့အဖွဲ့ဟာ အကြမ်းဖက်ရေး လမ်းကြောင်းကို ဆက်လျှောက်ချင်နေကြတဲ့ အဖွဲ့ ဖြစ်တယ်လို့ မစ္စတာ ခန်က သုံးသပ်ပါတယ်။

မူလာ ဖက်ဇ် လူလာဟာ ၂၀၀၈ ၂၀၀၉ တုံးက ဆွတ်တောင်ကြားကို တာလီဘန်တွေ သိမ်းပိုက်စဉ် ဦးဆောင်ခဲ့သူဖြစ်ပြီး ကလေးတွေအတွက် ပိုလီယိုကာကွယ်ဆေးထိုးစီမံကိန်းကို စတင် အကြမ်းဖက်ဆန့်ကျင်ခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ရေဒီယိုကနေ တင်းကြပ်တဲ့ အစ္စလမ်မစ်ဥပဒေတွေကို ဟောပြောလေ့ရှိလို့ မူလာရေဒီယိုလို့ နာမည်ပြောင်နဲ့ ခေါ်ကြပါတယ်။

၂၀၀၉ ခုနှစ်က အစိုးရတပ်တွေက သူ့ရဲ့ တပ်ဖွဲ့ကို Swat ဆွပ်တောင်ကြားက မောင်းထုတ်ခဲ့ပြီးတဲ့နောက် သူဟာ အာဖဂန် အရှေ့မြောက်ပိုင်းကို ပြောင်းရွေ့ အခြေစိုက်ပြီး ပါကစ္စတန်တပ်တွေကို တိုက်ခိုက်နေခဲ့တာပါ။

သူတို့ တိုက်ခိုက်မှုကြောင့် စက်တင်ဘာလက ပါကစ္စတန် ဗိုလ်ချုပ်ကြီးတဦး သေဆုံးခဲ့ပါတယ်။

ပါကစ္စတန်တာလီဘန်ခေါင်းဆောင်သစ် ဖြစ်လာပေမယ့် သူဟာ ပါကစ္စတန်နိုင်ငံထဲမှာ အခြေမစိုက်တာနဲ့ စစ်သွေးကြွတွေ အဓိက ခိုလှုံရာ လူမျိုးစုဒေသ ဝါဇီရီစတန် နယ်ခံ မဟုတ်တာတို့ဟာ သူ့ရဲ့ အဓိက အားနည်းချက် ၂ ခုဖြစ်တယ်လို့ မစ္စတာခန်က ပြောပါတယ်။

ဒါကြောင့်သူဟာ ဝါဇီရီစတန်နယ်ခံအများအပြားပါဝင်ပြီး သဘောထားအမြင်အမျိုးမျိုးနဲ့ အဖွဲ့ကွဲအမျိုးမျိုးရှိနေတဲ့ ပါကစ္စတန်တာလီဘန်အဖွဲ့ကို ထိန်းချုပ်ရာမှာ ပြသနာအများအပြား ရင်ဆိုင်ရလိမ့်မယ်လို့ လူအများက ယူဆနေကြပါတယ်။

အစ္စလမ်မာဘတ်မြို့မှာရှိတဲ့ ဘီဘီစီ သတင်းထောက် ရစ်ချတ် ဂဲပင်ကတော့ တာလီဘန်ခေါင်းဆောင်သစ်မူလာ ဖက်ဇ် လူလာဟာ မာဆုအသတ်ခံခဲ့ရတာအတွက် လက်စားချေလိုနေတယ်လို့ တာလီဘန်တွေကသူ့ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

စစ်သွေးကြွတွေဟာ ပါကစ္စတန်အစိုးရ စစ်တပ်နဲ့ အာဏာရပါတီကို ပစ်မှတ်ထားလိမ့်မယ်လို့ တာလီဘန်ပြောခွင့်ရပုဂ်ဂိုလ်က ဘီဘီစီ ကို ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

0 comments:

Post a Comment