Resent Posts

border: 1px solid #ddd; } #santosh143-widget li a { text-decoration: none; color: #4B545B; font-size: 12px; height: 18px; overflow: hidden; margin: 0px 0px; padding: 0px 0px 2px 0px; } #santosh143-widget img { float: left; margin-top: 10px; margin-right: 15px; background: #EFEFEF; border: 0; } #santosh143-widget img { -webkit-transition: all 0.5s ease; -moz-transition: all 0.5s ease; transition: all 0.5s ease; padding: 4px; background: #eee; background: -webkit-gradient(linear, left top, left bottom, from(#eee), color-stop(0.5, #ddd), color-stop(0.5, #c0c0c0), to(#aaa)); background: -moz-linear-gradient(top, #eee, #ddd 50%, #c0c0c0 50%, #aaa); -webkit-border-radius: 4px; -moz-border-radius: 4px; border-radius: 4px; -webkit-box-shadow: 0 0 3px rgba(0,0,0,.7); -moz-box-shadow: 0 0 3px rgba(0,0,0,.7); box-shadow: 0 0 3px rgba(0,0,0,.7); } #santosh143-widget img:hover { -moz-transform: scale(1.2) rotate(-350deg); -webkit-transform: scale(1.2) rotate(-350deg); -o-transform: scale(1.2) rotate(-350deg); -ms-transform: scale(1.2) rotate(-350deg); transform: scale(1.2) rotate(-350deg); -webkit-box-shadow: 0 0 20px rgba(255,0,0,.4), inset 0 0 20px rgba(255,255,255,1); -moz-box-shadow: 0 0 20px rgba(255,0,0,.4), inset 0 0 20px rgba(255,255,255,1); box-shadow: 0 0 20px rgba(255,0,0,.4), inset 0 0 20px rgba(255,255,255,1); } .spydate { overflow: hidden; font-size: 10px; color: #0284C2; padding: 2px 0px; margin: 1px 0px 0px 0px; height: 15px; font-family: Tahoma,Arial,verdana, sans-serif; } .spycomment { overflow: hidden; font-family: Tahoma,Arial,verdana, sans-serif; font-size: 10px; color: #262B2F; padding: 0px 0px; margin: 0px 0px; } /* ========== Scrolling Recent Posts Widget By santosh143.com ======== */ -->

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, March 13, 2014

ကြံ့ခိုင်ရေးအမတ်ကို NLD တရားစွဲဖို့ပြင်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲ။ (သြဂုတ် ၂၀၊ ၂၀၁၀)ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲ။ (သြဂုတ် ၂၀၊ ၂၀၁၀)

လက်ရှိအာဏာရ ပြည်ထောင်စု ကြံခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် တယောက်ကို အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က တရားစွဲဖို့ ပြင်ဆင်နေပါတယ်၊ NLD ရဲ့ ဂုဏ်သိက္ခာ ထိပါးစေလောက်အောင် ပါတီကို လူသိရှင်ကြား ဝေဖန်ခဲ့တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို တရားစွဲဖို့ ပြင်ဆင်နေပြီ လို့ NLD ဖက်က ပြောပါတယ်။ ဦးလှဆွေကတော့ သူ့ကို တရားစွဲဖို့ ရှိနေတဲ့ အပေါ်မှာ တစ်စုံတစ်ရာ ပြင်ဆင်ထားတာမျိုးမရှိသလိုလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ကို အလွယ်တကူ တရားဆွဲဖို့မဖြစ်နိုင်ဘူး ဆိုပြီးတော့ လည်း ပြန်လည်ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့
ဆက်သွယ်မေးမြန်း ထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်
ကိုအောင်ရဲမောင်မောင် က ပြောပြမှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ်ကို ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့
ဖွံ့ဖြိုးရးပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက အင်တာဗျူး
တစ်ခု မှာ ပုတ်ခတ်ပြောကြားခဲ့တာနဲ့ ပါတ်သက်လို့ NLD ပါတီက  သူ့ကို
တရားစွဲဖို့ စတင်ပြင်ဆင်နေပါပြီလို့ NLD ပါတီ ပြောခွင့်ရှိသူ ဗဟို
အလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက အတည်ပြုပါတယ်၊

" ဟုတ်တယ်။ ကျနော်တို့ပြင်ဆင်နေပါတယ်။ ပြည့်စုံတဲ့အခါကျရင် တင်ပါ့မယ်။"

ပြည်တွင်းမီဒီယာတစ်ခုနှင့် အင်တာဗျူးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးလှဆွေက “အင်န်အယ်လ်ဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် ကျန်တဲ့ကောင်တွေ တစ်ကောင်မှ အသုံးမကျဘူး လို့ ပြောခဲ့တာနဲ့ အဖွဲ့ချုပ်ကို  ဒီရှုပ်ပါတီ လို့ခေါ်ဝေါ်သုံးစွဲခဲ့တဲ့အပေါ်မှာ အဖွဲ့ချုပ်က တရားစွဲဖို့ ပြင် ဆင်နေ တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ ဦးဝင်းထိန်က ပြောပါတယ်၊

ဦးလှဆွေရဲ့ ပြောဆိုမှုတွေဟာ အဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့ အတွက်
ပါတီဘက်က တရားစွဲဖို့ ပြင်ဆင်တာနေတာဖြစ်တဲ့အပြင် သူတို့ဖက်က တရားစွဲဖို့ အသေအချာ ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့လည်း ဆိုပါတယ်၊

"ကျနော်တို့ အဓိက လူကြီးအချင်းချင်း တိုင်ပင်တဲ့အခါ သူ့ကိုတော့ တရားစွဲမှဖြစ်မယ်လို့ အိုင်ဒီယာရကြတယ်။ ဒါပေမဲ့ သူက လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့ကိုတရားစွဲတာ အရမ်းကာရော လုပ်လို့မရဘူး။ လွှတ်တော်ဥက္ကဋ္ဌအထိ တင်ပြရမယ်။ ဥက္ကဋ္ဌက နေပြီးတော့ သဘောပေါက်ပြီဆိုတော့မှ ၊ ဥပဒေအရ  သဘောပေါက်ပြီဆိုတော့မှ တရားစွဲရမှာ။ အဲ့ဒီ့အနေအထားရှိတယ်။

နောက်တခု ကျနော်တို့ မီဒီယာထဲမှာ တွေ့လိုက်တာက ကျနော်တို့အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ဦးလှဆွေကို တရားစွဲဖို့အတွက် စာနဲ့ပေနဲ့တော့ ပြင်ဆင်ပြီးပြီလို့ ဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရတယ်။ ဆိုတော့ တကယ်ဖြစ်လာမယ့်သဘောပေါ့။ သို့သော် ဘာလဲဆိုလို့ရှိရင် လွှတ်တော်ဥက္ကဋ္ဌဆီ တင်ပြတော့မယ်။"

လက်ရှိအာဏာရ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရးပါတီရဲ့
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကတော့ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ကို တရားစွဲတဲ့ နေရာမှာ လွှတ်တော် ဥက္ကဋ္ဌတွေက ခွင့်ပြုမှတရားစွဲလို့ရမယ်ဆိုတဲ့ အချက်ရှိတာကြောင့် သူ့ကို တရားစွဲဖို့
အဖွဲ့ချုပ်က ပြင်ဆင်နေပေမဲ့ သူ့အနေနဲ့တော့ အဲဒီအပေါ်မှာ တစ်စုံတစ်ရာ
ပြင်ဆင်ထားတာမျိုးမရှိဘူးလို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သူဝေဖန်ပြောခဲ့တာနဲ့ ပါတ်သက်လို့
ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်းတွေက နောက်ပိုင်း ဒါမျိုးတွေ
မပြောဖို့ သူ့ကို ပြောဆိုခဲ့တယ်လို့လဲ ဦးလှဆွေက ပြောပါတယ်၊

"ကျနော်တို့ အခုလူကြီးတွေကတော့ မှာထားတယ်။ NLD ကိုပြောတာတွေ မပြောပါနဲ့လို့မှာထားတယ်ဗျ။ မှာထားတဲ့အတွက်ကြောင့် ကျနော်က NLD ကို မပြောပါဘူး။ အဲ့ ဒီက ရှေ့လျောက်လည်း မပြောတော့ဘူး။ မပြောတော့ဘူးဆိုတာက သူတို့ပြောတာ များလွန်းလို့သာလျှင် ကျနော်က ပြန်ပြောတာလေ။ လူကြီးတွေကလည်း မှာထားတယ်။ မင်း NLD ကို ဘာမှ မပြောပါနဲ့ကွာ။ သူတို့ပြောချင်ရာ ပြော ငြိမ်ခံနေလိုက်လို့ပြောတယ်။

အခြေခံဥပဒေပြင်မယ့် ၁၀၉ဦးဖွဲ့တုန်းကလေ အဲ့ဒီ့လူတွေက အပြောင်းအလဲကို ပြောင်းလဲဟန့်တားပြုလိုသော စိတ်ဓာတ်အခံရှိသူတွေ၊ တတ္တိဝိလာပ၊ ဝိဇ္ဇာဝိလာပ၊ စိတ္တဝိလာပ အယူမှား၊ အမြင်မှား၊ အတွေးမှား သမားတွေဆိုပြီး ကျနော်တို့ကို စွတ်စွဲတယ်ဗျ။ နောက်တခါ သမ္မတ ဖြစ်ဖို့ နေရာပေးလိုက်ပါရက် လက်တဆုပ်စာ လူထု အာဏာရအသင်းအဖွဲ့ အသင်းအပင်းဆိုပြီး ကျနော်တို့ကို ဒီလိုပြောတယ်ဗျာ။

နောက်တခါ ၁၀ရက် ၂လမှာ ဘာပြောလဲဆိုတော့ ၂၀၁၀ရွေးကောက်ပွဲ မှာတဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီးဟောင်းများ၊ ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီက အပြတ်အသတ်နိုင်ခဲ့ခြင်းဟာ လွတ်လပ်ပြီး တရားမျှတခြင်း ရှိ၊ မရှိဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားခဲ့တယ်ဆိုပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကပြောတယ်။

ပြောတဲ့အခါကျတော့ ကျနော်ကပြောတယ်။ ဆိုလိုတာက ၂၀၁၀မှာ ကျနော်တို့က မဲလိမ်ပြီးတော့ ရောက်လာတယ်ပေါ့ဗျာ။ ၂၀၁၀မှာ မဲလိမ်ပြီးတော့ ရောက်လာတော့ အခု လွှတ်တော်ဥက္ကဋ္ဌတွေရော၊ သမ္မတတွေရော၊ ဒါတွေကို ပြောတာနဲ့ အတူတူပဲဗျ။ ဒါတွေကို ကျနော်တို့ ငြိမ်ခံခဲ့ကြတယ်ဗျ။"

အမေရိကန်၊ ဗြိတိန်စတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံရေး သမားတွေ
တယောက်နဲ့ တယောက်ကြား၊ နိုင်ငံရေးပါတီတခုနဲ့တခုကြားမှာ အပြန်အလှန်
ပြစ်တင်ဝေဖန်ပြောဆိုမှုတွေရှိပါတယ်၊ မြန်မာနိုင်ငံမှာတော့ အခုလို
အင်အားကြီး ပါတီ ၂ ခု အကြား တရားစွဲဖို့အထိ ဖြစ်လာတာဟာ တစ်ဖက်နဲ့ တစ်ဖက်သူတို့ ဒီကိစ္စ အပေါ်လက်ခံ၊တိုင်းတာ ရှုမြင်ပုံပေါ်မှာ မူတည်တယ်လို့
ပြည်တွင်းက ၀ါရင့်သတင်းစာဆရာတစ်ဦး ဖြစ်တဲ့ ဦးစည်သူအောင်မြင့် က
အခုလို သုံးသပ်ပြောဆိုပါတယ်။

"တဖက်နဲ့တဖက်၊ နောက်နိုင်ငံရေးသမား တစ်ယောက်နဲ့တစ်ယောက် ခံယူပုံခြင်း မတူကြဘူး။ တချို့တွေကျတော့ ဟုတ်တယ်။ ကိုယ်လည်းပြောမှာပဲ။ သူလည်း ပြောပါစေ၊သဘောထားတာ ရှိသလိုမျိုး။ တည်ဆဲဥပဒေကို ကျော်ပြီးတော့တော့ မလုပ်နဲ့ပေါ့နော်။ အဲ့လိုမျိုး တရားစွဲတယ်ဆိုတာလည်း သူတို့က ဥပဒေရဲ့ ခံယူတဲ့သဘောပါပဲ။ အပြစ်ပြောစရာမရှိပါဘူး။ NLD ကိုလည်း အပြစ်ပြောစရာမရှိဘူး။ ဦးလှဆွေတို့ဘက်ကိုလည်း အပြစ်ပြောစရာမရှိဘူး။ ဒါ တဖက်ကလည်း သူပြောရေးဆိုခွင့်ရှိလို့ပြောတယ်။ တဖက်ကလည်း တရားဥပဒေအရ လုပ်ပိုင်ခွင့်ရှိတယ်လေ။ ဒါ ဘယ်နိုင်ငံသားမဆိုပေါ့။"

ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်၊ ပြည်ထောင်စု လွှတ်တော်ရဲ့ နာယက
လည်း ဖြစ်တဲ့ သူရဦးရွှေမန်းက တော့ နှစ်ပါတီ အကြား အခုလို ဖြစ်ရတာဟာ ပါတီဝင် တွေ အကြား စကားပြောဆိုပုံ လွဲမှားတာကြောင့် ဖြစ်ပြီးတော့ ပါတီ ဥက္ကဋ္ဌတွေ အကြား မျက်နှာပူစရာ ဖြစ်ရတယ်လို့ နေပြည်တော်မှာ သတင်းမီဒီယာတွေနဲ့မတ်လအတွင်း တွေ့ဆုံမှုတစ်ခု မှာ ပြောဆိုခဲ့ဖူးပါတယ်။

Monday, December 30, 2013

Monday, December 30, 2013 လပွတ္တာ မီးလောင်မှု အိမ်ခြေ ၂၀၀ ကျော် ပျက်စီး

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာမှာ ဒီဇင်ဘာလ ၃၀ ရက် မနက် အစောပိုင်း ၁ နာရီကျော်မှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာက စီပွားရေး အချက်ချာကျတဲ့ ကမ်းနားရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် နေအိမ် ၂၃၀ ကျော် မီးလောင်ကျွမ်းခဲ့သလို တော်တော်များများ ဆုံးရှုံးမှု ဖြစ်ခဲ့တယ်လို့ အဲဒီရွာ သွားရောက်ကူညီနေတဲ့ လပွတ္တာ နှလုံးသာ ကျန်းမာရေး စောင့်လျှောက်မှုအဖွဲ့ဝင် ကိုမင်းမင်းအောင်က ပြောပါတယ်။

“မနက် ၁ နာရီလောက်က စလောင်တယ်။ ကျနော်တို့ သွားတဲ့အချိန် မနက် ၅ နာရီ ကျော်ကျော်လောက်ရောက်တော့ ရွာက တ၀က်လောက် ကုန်သွားပြီ။ စဖြစ်တဲ့အချိန်မှာ ရွာသားတွေ ၀ိုင်းငြိမ်းကြတယ်။ ရွာသားတွေ မီးငြိမ်းတာ မနိုင်ဘူး။ အဲဒီအချိန်မှာ မီးသတ်စက်ကလည်း အဆင်သင့် မဖြစ်ဘူး။ မဖြစ်တော့ လူတွေက အနောက်ဆုတ်ပြီး ငြှိမ်းတယ်။ အိမ်ခြေ ၄၀၊ ၅၀ လောက်ကုန်တဲ့အချိန်မှာ အနားကို ကပ်လို့ မရတော့ဘူး။ သစ်သားအိမ်တွေများပြီး အိမ်ခြေ အရမ်းစိတ်တော့ မီးလောင်ဖို့ အရမ်းလွယ်သွားတာပေါ့။ နံနက် ၇ နာရီလောက်မှာ မီးငြှိမ်းသွားတယ်။ နောက်ပိုင်းတော့ မီးကျွမ်းမီးကျန်တွေ ဆက်လောင်တာပေါ့။ ရွာလယ်ပိုင်းက အကုန်ကုန်သွားတာပေါ့။”

မီးလောင်မှုကြောင့် လူတွေ သေဆုံးတာ မရှိပေမယ့် လူ ၁၅ ယောက်လောက် အသေးစား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ဒီမီးလောင်မှုဟာ မုန့်ဟင်းခါးဖိုကနေတဆင့် စလောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။ မီးလောင်မှုကြောင့် အထည်ဆိုင်၊ ဆန်ဆိုင်၊ ဆေးဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင် အစရှိတဲ့ ဆိုင်တွေက ပစ္စည်းတွေ မီးထဲပါသွားတဲ့အတွက် ပျက်စီးမှု အတော်များတယ်လို့လည်း သူက ပြောပါတယ်။

မီးဘေးသင့်သူတွေကိုတော့ မဟာအောင်မြေဇံကျောင်းမှာ နေရာချထားပြီး လူမှုအဖွဲ့အစည်းပေါင်းစုံက ကူညီကယ်ဆယ်မှုတွေ လုပ်ပေးနေတယ်လို့လည်း ကိုမင်းမင်းအောင်က ပြောပါတယ်။

“ကူညီတဲ့သူတွေကတော့ အစုံပါတယ်။ ပါတီတွေလည်း ပါတယ်။ ကြံခိုင်ရေးတို့ အန်အယ်ဒီတို့ လူမှုရေးအဖွဲ့တွေ နောက် နှလုံးသား ကျန်းမာရေး အခမဲ့စောင့်ရှောက်အဖွဲ့တို့ အခြားလူမှုရေးအဖွဲ့တွေ အကုန်လုံးပါတယ်။ ဘာတွေ လုပ်လဲဆိုတော့ လောလောဆယ် အာဏာပိုင်တွေအနေနဲ့ အိမ်ထောင်စုစာရင်းအတည်ပြုတာပဲ ရှိတယ်။ ပြီးတော့မှ သူတို့ ကူညီတာလုပ်မယ်။ လူမှုအဖွဲ့တွေကတော့ အလွယ်တကူ လက်ရှိ အသုံးပြုမယ့် စောင်တို့၊ အင်္ကျီအ၀တ်အစားတို့၊ ထမင်းထုတ်တို့၊ မုန့်မျိုးစုံ၊ ရေသန့်တို့၊ ခြောက်ဆွဲခြောက်တို့၊ ထမင်းထုတ်တို့ အဲဒါတွေကို အဓိက ကူညီတယ်။”

ကန်ဘက်ရွာဟာ လပွတ္တာမြို့နယ် ရေကြောင်းခရီး ၂ နာရီလောက် သွားရတဲ့ နေရာမှာ တည်ရှိပြီး အိမ်ခြေပေါင်း ၁၅၀၀ လောက်ရှိတဲ့ ရွာကြီးဖြစ်ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ) 

Monday, December 30, 2013 တိုးမလား လျော့မလား ဆက်သွားမလား ရပ်နေမလား မြန်မာ့လုပ်သား

စက်မှုဇုန်လုပ်သားများ

၂ဝ၁၃ ခုနှစ်၏ အပြောင်းအလဲ ကို များစွာ မျှော်လင့် ထားခဲ့သော စက်မှုဇုန် အလုပ်သမားများ အတွက် ယခုနှစ်သည် ထူးမခြားနားနှစ်ဟု ဆိုရမည် ဖြစ် သည်။ ဥပဒေသစ်များ ထွက်ပေါ် လာပြီး အလုပ်သမား အဖွဲ့အစည်း အရေအတွက် ၇ဝဝ ကျော်သည် အထိ တိုးပွားခဲ့သည့် နှစ်လည်း ဖြစ်သည်။
”အလုပ်သမားတွေက ကိုယ့်အဖွဲ့အစည်းကို ခိုင်မာအောင်မလုပ်နိုင်ဘဲ အခွင့်အရေး တောင်းတာတွေနဲ့ပဲ အချိန်ကုန်ခဲ့ရတယ်” ဟု အလုပ်သမား သမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ ဦးထွန်းထွန်းနိုင် က ပြောသည်။

ထို့အပြင် ယမန်နှစ်က ဖြစ်ပွားခဲ့သော ဆန္ဒပြမှု အရှိန်သည် ရပ်တန့်သွားခြင်း မရှိခဲ့ဘဲ အလုပ်သမား ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပေါ်ခဲ့သော နှစ်ဟုလည်း ဆိုရမည် ဖြစ်သည်။ ၂ဝ၁၂ ခုနှစ်က အလုပ်သမား ဆန္ဒပြ မှုများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြမှုများသည် လုပ်ခလစာပေါ် အခြေခံသောကြောင့် အနည်းဆုံး အခကြေးငွေ ဥပဒေ ထွက်လာလျှင် ထိုသို့သော ဖြစ်စဉ်များ လျော့နည်း သွားနိုင်သည်ဟု သုံးသပ်မှု များ ရှိခဲ့သည် ။၂ဝ၁၃ ခုနှစ်တွင်လည်း ထိုဥဒေ ထုတ်ပြန်မည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီး ဌာနက  တရားဝင် ထုတ်ပြန်ထားခဲ့သည်။

သို့သော်လည်း အလုပ်သမား ဆန္ဒ ပြမှုများက ရပ်ဆိုင်းမသွား။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် လှိုင်သာယာ စက်မှုဇုန်ရှိ  Globe Electronic စက်ရုံအလုပ်သမားများ၏ ဆန္ဒပြ မှုမှစ၍ တစ်နှစ်လုံးလိုလိုပင် အလုပ်သ မား ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ နှစ် ဆန်းပိုင်း ဖေဖော်ဝါရီ တစ်လတည်း တွင်ပင် အလုပ်ရှင် အလုပ်သမား အငြင်း ပွားမှုပေါင်း ၆၄ ခုရှိခဲ့သည် ။
”တောင်းဆိုတဲ့ အခွင့်အရေးတွေ က တော်တော်များများက အလုပ် သမားထုအတွက်တောင်းတာ မဟုတ် ဘူး။ တချို့ တောင်းဆိုချက်တွေက အလုပ်ရှင်တွေ မပေးနိုင်တဲ့ တောင်းဆိုချက် တွေလည်းတွေ့ရတယ် ”ဟု ၄င်းကအ လုပ်သမားများ၏ တောင်းဆိုချက်များ ကိုသုံးသပ်သည်။
ထို့နောက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ၂ဝ၁၃ခုနှစ် မတ်လ၂၂ ရက်တွင် အနည်းဆုံး အခကြေးငွေ ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ သို့သော်လည်း ဥပဒေထွက်ပြီး နည်းဥပဒေ မထွက်သေးသော ကြောင့် အလုပ်သမားများ အတွက် လုပ်ခလစာ သတ်မှတ်ရေး နည်းဥပဒေ ကို စောင့်ခဲ့ရပြန်သည်။

နည်းဥပဒေ မထွက်မီ အချိန်တွင်လည်း New Way , Gallant Ocean  (အအေးခန်း)၊ Costec (အထည်ချုပ်)၊ Asia World(စက်ပြင်)၊ Bright Jaun  (အထည်ချုပ်) စသည့် စက်ရုံအလုပ် သမားဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ် ခဲ့ပြီး အလုပ်သမားများ စောင့်မျှော်နေ သော အနည်းဆုံး အခကြေးငွေ နည်းဥပဒေကို ဇူလိုင် ၁၂ ရက်တွင် ပြဋ္ဌာန်း ခဲ့သည်။
အနည်းဆုံး အခကြေးငွေ နည်း ဥပဒေ ထွက်ပေါ်လာသောအခါ အလုပ် သမားအရေး လေ့လာသူများက ကျယ် လောင်စွာ ထောက်ပြကြသော အချက် မှာ အနည်းဆုံး အခကြေးငွေ သတ်မှတ် သည့် စံနှုန်းပင်ဖြစ်သည်။
”သူက အခကြေးငွေ လို့ဆိုရာမှာ အလုပ်ရှင်က သဘောကျလို့ပေးတဲ့ ဆုကြေးတွေ ၊ အချိန်ပိုလုပ်ခတွေပါ ထည့်တွက်ထားတယ်၊ အမှန်တကယ်က အလုပ်သမားရဲ့ တစ်နေ့ရှစ်နာရီလုပ်အားခပဲဖြစ်ရမှာ” ဟု ခုံသမာ ဓိ ကောင်စီဝင် ဦးရဲနိုင်ဝင်းက ဥပဒေကို ထောက်ပြသည်။

အလုပ်သမားများ၏ တစ်နေ့ ရှစ်နာရီလုပ်အားခကို မတွက်ဘဲ ထိုသို့ အပိုဆုကြေးများပါ ထည့်တွက်မည်ဆို လျှင် အနည်းဆုံး လုပ်အားခ သတ်မှတ်သော်လည်း အချည်းနှီးပင် ဖြစ်မည်ဟု ၄င်းက မှတ်ချက်ပြုသည်။ နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည်မှာ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရန်အတွက် အမျိုးသားကော်မတီကို ဦးစွာဖွဲ့စည်းရမည် ဖြစ်သည်။ အမျိုးသားကော်မတီ ဖွဲ့စည်းပြီး အမျိုးသားကော်မတီက သက်ဆိုင်ရာတိုင်းဒေသကြီး (သို့) ပြည်နယ် ကော်မတီများကို ဖွဲ့စည်းပေးရမည် ဖြစ်သည်။ တိုင်းဒေသကြီး၊ ပြည်နယ် ကော်မတီများက အလုပ်သမားများ၏ လူနေမှု စရိတ်နှင့် လုပ်ခ လစာတို့ကို ကွင်းဆင်းကာ စစ်တမ်း ကောက်ယူပြီး အမျိုးသား ကော်မတီသို့ ပြန်လည် တင်ပြရမည်ဟုသိရသည်။

သို့သော်လည်း အမျိုးသားကော်မတီ ဖွဲ့စည်းပုံသည် သမ္မတရုံးသို့ တင်ထားဆဲဖြစ်ပြီး ဖွဲ့စည်းပုံ ပြန်ကျမှသာ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး စစ်တမ်း ကောက်ယူမှုများ စတင် လုပ်ဆောင်နိုင်မည် ဖြစ်၍ အခကြေးငွေ သတ်မှတ်ရေး လုပ်ငန်းများ ၂ဝ၁၄မှသာ လုပ်ဆောင်နိုင်မည်ဟု အလုပ်သမား ရေးရာ ဆက်ဆံရေး ဦးစီးဌာနမှ  ညွှန် ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက ပြောသည်။

“‘အနည်းဆုံး အခကြေးငွေက လုပ်ငန်း အမျိုးအစား ၂၁ မျိုးအတွက် သတ်မှတ်ရမှာ၊ အလုပ် အမျိုးအစားက အမျိုးမျိုးဆိုတော့ ကော်မတီမှာ ပိုပြီးအလုပ်ရှုပ်မှာပေါ့” ဟု ဦးရဲနိုင်ဝင်းက ပြော ကြားပြီး ကော်မတီအတွက် လိုအပ်သည့် ဒေသတွင်း နိုင်ငံများ၏  အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အ ချက်အလက်များကို အစိုးရက ရှာဖွေ ကူညီပေးခြင်းဖြင့် လုပ်ငန်းများ ပိုမို လျင် မြန်နိုင်မည်ဟု မှတ်ချက်ပြုသည်။

အနည်းဆုံး အခကြေးငွေသတ်မှတ်ရာတွင် ဦးစားပေး ကဏ္ဍအဖြစ် လက်ခစား လုပ်ငန်းများကို ဦးစားပေး သတ်မှတ်မည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းများမှ လုပ်ငန်းရှင်များ၊ အလုပ်သမား ကိုယ်စားလှယ်များ ၊ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပွဲများကို ယခုနှစ်အတွင်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ သည်။ သို့သော်လည်း သဘော တူညီ ချက် တစ်စုံတစ်ရာ မရရှိသေးသည်ကို တွေ့ရသည်။ လုပ်ငန်း ၂၁ ခုထဲမှ တစ်ခု ဖြစ်သည့် လက်ခစား လုပ်ငန်းအတွက်ပင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး မလုပ်ဆောင် ရသေးသောကြောင့် အခြားကဏ္ဍမှ အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးမှာ ၂ဝ၁၄ တွင်လည်း ကြန့် ကြာဦးမည့် အနေအထား ဖြစ်သည်ဟု အလုပ်သမားရေး စောင့်ကြည့်သူများက မှတ်ချက်ပြုကြသည်။

ဥပဒေဟောင်းများပြင်ဆင်ရေးဆွဲ

အနည်းဆုံး အခကြေးငွေ ဥပဒေနည်းတူ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို ၂ဝ၁၃ခုနှစ် သြဂုတ်လ ၃ဝ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။ ထို့အပြင် ပြည်ပရောက် မြန်မာ အလုပ်သမားများကို ကာကွယ်ပေးနိုင်ရေး အတွက် ၁၉၉၉ခုနှစ် ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေကို ပြုပြင်ရေးဆွဲ နေပြီး ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက် ဥပဒေကို လည်း ပြင်ဆင် ရေးဆွဲနေ ကြောင်း သိရသည်။ အလုပ်သမားများ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးဥပဒေ၊ နိုင်ငံခြားသား အလုပ်သမား ဆိုင်ရာ ဥပဒေတို့ကိုလည်း အသစ် ရေးဆွဲနေကြောင်း သိရသည်။ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေ သည် လာမည့်နှစ်တွင် ထုတ်ပြန်နိုင်မည်ဟုလည်း သိရသည်။

ဥပဒေအားနည်းချက်

ဥပဒေသစ်များ ရေးဆွဲ နေသလို ထုတ်ပြန်ပြီးသား ဥပဒေအဟောင်း၏ အားနည်းချက်ကြောင့် ယခုနှစ်အတွင်း အလုပ်ရှင် အလုပ်သမား ပြသနာ ပိုမိုကြီးထွားခဲ့သည်။ ၂ဝ၁၂ခုနှစ် နှစ်လယ်ပိုင်း တွင် ဖြစ်ပွားခဲ့သော ရွှေပြည်သာမြို့နယ်၊ တော်ဝင်သစ် အချောထည်စက်ရုံ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုသည် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်သည့် ခုံ သမာဓိ ကောင်စီသို့ပင် ရောက်ရှိခဲ့ပြီး ခုံသမာဓိ ကောင်စီမှ ဆုံးဖြတ် ချက် ချမှတ်ပေးခဲ့သည်။ ထိုဆုံးဖြတ်ချက်များကို အလုပ်ရှင်ဘက်မှ မလိုက်နာသောကြောင့်  အလုပ်သမားများဘက်မှ ဆန္ဒပြမှုများ ထပ်မံ ဖြစ်ပွားခဲ့ပြီး ထိုဆန္ဒပြမှုများကြောင့် အလုပ်သမား ခေါင်းဆောင်များ ပုဒ်မ၁၈ ဖြင့် အရေးယူခံခဲ့ရသည်။ ၂ဝ၁၂ခုနှစ်က ပြဋ္ဌာန်းခဲ့သော အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး နည်းဥပဒေတွင် ခုံသမာဓိ ကောင်စီ၏ ဆုံးဖြတ်ချက်ကို မလိုက်နာသော အလုပ်ရှင်ကို အရေးယူရန် ပြစ်ဒဏ် မပါရှိသောကြောင့် ထိုသို့ မလိုလားအပ်သော ပြသနာများ ထပ်မံ ဖြစ်ပွားရသည် ဟု အလုပ်သမား အရေးဆောင် ရွက်သူများက မှတ်ချက်ပြုကြသည်။ ရန်ကုန်တွင် သာမက မန္တလေးတွင်လည်း အလားတူ ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။  ထိုအားနည်းချက်ကို ပြင်ဆင်ရန်အတွက် အလုပ်သမား ကိုယ်စားလှယ်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနတို့က  ၂ဝ၁၃ခုနှစ် ဇန်နဝါရီလကတည်းက ဆောင်ရွက်ခဲ့ပြီး ပြစ်ဒဏ် ထည့်သွင်း ဖြည့်စွက်နိုင်ရေး အတွက် လွှတ်တော် နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြ ထားသော်လည်း တစ်နှစ် ပြည့်ခါနီး ချိန်အထိ တစ်စုံတစ်ရာ ထူးခြားမှု မရှိ သေးကြောင်း အလုပ်သမား ကိုယ်စားလှယ် တစ်ဦးကဆိုသည်။

အစိုးရဝန်ထမ်းများ လစာတိုးသည့်နှစ်

ယခုနှစ်တွင် အစိုးရဝန်ထမ်းများ အတွက် အပိုထောက်ပံ့ကြေးဟု ခေါင်းစဉ်တပ်ကာ လစာ ကျပ်သုံးသောင်း တိုးပေးခဲ့သည် ။ မလောက်ငှသော ဝင်ငွေ နှင့် ရပ်တည် နေကြရသည့်အတွက် ပြည်သူ့ ဝန်ထမ်းများ၏ အကျင့် ပျက် ခြစားမှုနှင့် အဂတိ လိုက်စားမှုများသည် နိုင်ငံတွင် အမြစ်တွယ်သလို ဖြစ်နေသည် ကို တိုက်ဖျက်နိုင်ရန် ဆွေးနွေးချက်ပေါ်တွင် အခြေခံကာ ဥပဒေကြမ်း ကော်မတီက ဝန်ထမ်း လစာတိုးရေး အဆိုပြုချက်ကို တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြု တောင်းခံခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့ဝန်ထမ်းများ၏ လစာ တိုးမြှင့်ရေး ဆိုင်ရာ အဆိုပြုချက်ကို ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ပြုလုပ်သော ပြည်ထောင် စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် ဧပြီလမှစ၍ ဝန်ထမ်း လစာ ထပ်တိုးပေးခဲ့သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၁၉၄၈ ခုနှစ်၊ ၁၉၇၂ခုနှစ် ၊၁၉၈၉ ခုနှစ်၊ ၁၉၉၃ ခုနှစ်၊ ၂ဝဝဝ ပြည့်နှစ်၊ ၂ဝဝ၆ ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ်တို့တွင် အစိုးရ ဝန်ထမ်းများအား လစာ တိုးပေးခဲ့ သည်။ လစာသုံးသောင်း တိုးမြှင့် ရရှိခဲ့သော်လည်း ဝန်ထမ်းများအတွက် စားဝတ်နေရေး အခက်ခဲများ ရှိနေဆဲဖြစ်ကြောင်း သာကေတ မြို့နေ လျှပ်စစ်ဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။  ”ကျွန်တော်တို့ဆို နှစ်နှစ်နေမှ လစာတစ်ထောင် တိုးတာ ဘယ်လိုလုပ် အဆင်ပြေမလဲ” ဟု အထက်ပါလျှပ် စစ်ဝန်ထမ်းက ပြောသည်။
Popular Myanmar News Journal 

Saturday, December 7, 2013

မြန်မာပရိသတ်အတွက် ဘယ်လိုရလဒ်တွေ သယ်ဆောင်လာနိုင်မလဲ .. ဂုဏ်ရည်အေးကျော်ရေ

၂၉ ရက်နေ့က စင်ထရယ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ဂုဏ်ရည်အေးကျော် ကို တွေ့ရစဉ်။ ဓာတ်ပုံ - ကိုတိတ်။

၂၀၁၃ ခုနှစ်အတွက် မစ္စမြန်မာအင်တာနေရှင်နယ်ဆုရှင်အဖြစ် ရွေးချယ်ခံ ထားရသူ
ဂုဏ်ရည်အေးကျော် ဟာ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Miss International 2013 အလှမယ်ရွေးပွဲမှာ
ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဒီဇင်ဘာလ ၂ ရက်နေ့ညနေပိုင်းမှာ အမိမြန်မာနိုင်ငံကနေ ထွက်ခွာသွားခဲ့
ပါပြီ။

(၅၃) ကြိမ်မြောက်အဖြစ် လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ဂျပန်နိုင်ငံ၊ အိုကီနာဝါမြို့တွင် ကျင်းပ
ပြုလုပ်မယ့် အလှမယ်ပြိုင်ပွဲကြီးမှာ ၀င်နွှဲဖို့အတွက် ရှစ်လခန့်ပြင်ဆင်ချိန်ရခဲ့တာကြောင့် တက်သုတ်
ရိုက်သွားပြိုင်ခဲ့ရတဲ့ သူ့ရှေ့က မယ်တွေထက် အချိန်တော်တော်များများပိုရခဲ့သူဖြစ်ပါတယ်။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဂုဏ်ရည်အေးကျော် က လက်တလောမှာတော့ လွန်ခဲ့တဲ့နှစ်ပတ်ထဲက
ပရိသတ်တွေမဲပေးထားတဲ့ အွန်လိုင်းဆုနှစ်ဆုအတွက် ယုံကြည်မှုအပြည့်ရှိနေပြီး မြန်မာပရိသတ်
အတွက် ဂုဏ်ယူစရာ ဖြစ်လာအောင် အကောင်းဆုံးကြိုးစားလာမယ်လို့ ခရီးမသွားခင်မှာ ပြောခဲ့
ပါတယ်။

"အခုဆို ဂုဏ်ရည်က ပရိသတ်ပေးတဲ့ ဆုနှစ်ခုဖြစ်တဲ့ မစ္စအင်တာနက်နဲ့ People Choice မှာ
ထိပ်ဆုံးကပြေးနေတာပါ။ ကိုယ့်မြန်မာပရိသတ်တွေရဲ့ အားပေးမှုကိုယုံကြည်ပါတယ်။ အဲဒါ
အတွက်လည်း ဂုဏ်ရည် တခြားသောဆုတွေ အတွက် မြန်မာပရိသတ်အတွက် ဂုဏ်ယူစရာ
ဖြစ်အောင် အကောင်းဆုံးယှဉ်ပြိုင် လာမှာပါ"လို့ မစ္စမြန်မာအင်တာနေရှင်နယ် ကဆိုပါတယ်။

ခရီးမထွက်ခင်မှာ စိုးရိမ်စရာတစ်ခုကြုံတွေ့ခဲ့ရပြီး အဲဒါကတော့ ဂျပန်နိုင်ငံဆီ မသွားခင်မနက်ပိုင်း
အထိ ပြိုင်ပွဲမှာဝတ်မယ့်ဝတ်စုံတွေ လက်ထဲကို မရောက်သေးတာ ပဲလို့ ဒီဇင်ဘာလ ၂ ရက်နေ့၊
မနက်ပိုင်းမှာ မြန်မာတိုင်းမ်ကို ပြောခဲ့ပါတယ်။

"ဂုဏ်ရည်သွားပြိုင်ရမယ့် အချိန်က ဆီးဂိမ်းနဲ့လည်း တိုက်နေတော့ အကုန်လုံး အလုပ်ရှုပ်နေချိန်
ဖြစ်သွားတာပေါ့။ ညနေသွားရတော့မှာကို အခုမနက်ထိ လက်ထဲကို ၀တ်စုံတွေ မရောက်လာနိုင်
သေးဘူး"လို့ သူ့ကြုံရတဲ့အခက်အခဲတစ်ခုကို ပြောပြ ပါတယ်။

ဝတ်စုံအနေနဲ့ ကချင်ရိုးရာဝတ်စုံကို ပြိုင်ပွဲအတွက် ပြင်ဆင်ထားတာဖြစ်ပြီး အဲဒီအတွက် ရည်ရွယ်
ချက်လည်းရှိပါတယ်လို့ ဆိုပါတယ်။

"အလှမယ်ပြိုင်ပွဲတွေ သွားပြိုင်တိုင်း မြန်မာဝတ်စုံနဲ့ ပြိုင်ကြတာများတယ်ပေါ့။ အဲတော့ တမျိုး
လည်း ထူးခြားသွားအောင် ပြီးတော့ အခုလက်ရှိ နိုင်ငံတကာမှာ မြန်မာနိုင်ငံအကြောင်းဆို သူတို့
က မပြီးဆုံးတဲ့စစ်ပွဲတွေဆိုပြီး ရေးကြ၊ ပြောကြ နေတယ်။ ဂုဏ်ရည်က မြန်မာနိုင်ငံမှာ ဒါတွေကို
ပြီးဆုံးအောင် ကြိုးစားနေကြ ပါတယ်။ ငြိမ်းချမ်းတော့မှာပါဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးချယ်ဝတ်
ဆင်ဖြစ်တယ်" လို့ သူ့ရည်ရွယ်ချက်ကို ပြောပြပါတယ်။

ကြိုတင်ပြင်ဆင်မှုတွေထဲမှ အရေးကြီးဆုံးတစ်ချက်ဖြစ်တဲ့ အထွေထွေဗဟု သုတနဲ့ စာအုပ်တွေ
ဖတ်တဲ့အပေါ်မှာတော့ အားရတယ်လို့ဆိုပေမယ့် မူလက နည်း နည်းပြည့်နေတဲ့ ခန္ဓာကိုယ်ကို
အလေးချိန်လျော့လိုက်ရာက အလျော့လွန်သွားတယ် ဆိုပါတယ်။

"ဂုဏ်ရည်က နဂိုပြည့်တော့ ပြိုင်ပွဲအတွက် ကိုယ်အလေးချိန် လျော့ရင်း အလျော့လွန်သွားပြီး
အခုအရမ်းသေးသွားသလို ခံစားရတယ်။ အဲတစ်ချက်ပဲ နည်းနည်းစိတ်တိုင်းမကျဖြစ်နေတာ"လို့
သူ့ပြင်ဆင်မှုအပိုင်းနဲ့ ပတ်သက်ပြီးတော့ လည်း ပြောပြခဲ့ပါတယ်။ လက်ရှိမှာ ကိုယ်အလေးချိန်
ဘယ်နှစ်ပေါင်ရှိသလဲဆိုတာကိုတော့ ဂုဏ်ရည် အေးကျော်က မြန်မာတိုင်းမ်ကို မပြောပြခဲ့ပါဘူး။
ဒါပေမဲ့ "၀ိတ်ကျအောင်လုပ်တာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကျစ်အောင် လုပ်တာပါ"လို့တော့
ပြောပါတယ်။

ပြိုင်ပွဲမှာပါဝင်တဲ့ စွမ်းရည်ပြပွဲအတွက်ကိုတော့ "ဂုဏ်ရည် စောင်းတီး မှာပါ။ သီချင်းတစ်ပုဒ်ထဲမှာ
နှစ်ပုဒ်ပေါင်းပြီးတီးဖြစ်မှာပါ။ မြန်မာသီချင်းရယ်၊ ဂျပန်သီချင်းရယ်ကိုနှောပြီး အကောင်းဆုံးတီးပြ
သွားမှာပါ။ အဲအတွက်လည်း အကောင်းဆုံး ကြိုးစားထားပါတယ်"လို့ ဆိုပါတယ်။

မန္တလေးသူဖြစ်တဲ့ ဂုဏ်ရည်အေးကျော် ဟာ ဒီနှစ် ဖေဖော်ဝါရီလထဲမှာ ဟိုတယ်နှင့်ခရီးသွား
လုပ်ငန်းမှ ကျင်းပခဲ့တဲ့မစ္စမြန်မာအင်တာနေရှင်နယ်ပွဲကနေ မစ္စအဖြစ် ရွေးချယ်ခံရပြီး မြန်မာနိုင်ငံ
ကိုယ်စားပြုအနေနဲ့ ခုလိုမျိုးနိုင်ငံတကာ ပွဲကြီးမှာ သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပါတယ်။

ဒီပွဲကြီးကို ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံကိုယ်စားပြုကာ နန်းခင်ဇေယျာ မှ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ
ပရိသတ်တွေတခဲနက် အားပေးကြတာကြောင့် အွန်းလိုင်းဆုသုံးဆုရရှိခဲ့ပါတယ်။ နိုင်ငံတကာအလှ
မယ်ပွဲကြီးတစ်ခုဖြစ်တဲ့ မစ္စအင်တာနေရှင်နယ်ပြိုင်ပွဲကို ၁၉၆၀ ပြည့်နှစ်မှစတင်ကာ ကျင်းပခဲ့ခြင်းဖြစ်
ပြီး စတင်ကျင်းပတဲ့နှစ်က အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပခဲ့ပေမယ့် ၁၉၇၂
ခုနှစ်နောက်ပိုင်းမှ စတင်ကာ ဂျပန်နိုင်ငံမှာ ပြောင်းလဲကျင်းပခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကတော့ ၁၉၆၁ ခုနှစ်တွင် ပထမဆုံးအကြိမ်ပါဝင်နိုင်ခဲ့ ပေမယ့် နှစ်ပေါင်းအတော်
ကြာပြီးနောက် ၂၀၁၂ ခုနှစ်မှာ စတင်ကာ ပြန်လည် ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပြီး အခုနှစ်အနေနဲ့
ကတော့ နှစ်ကြိမ်ဆက်တိုက်ပါဝင်မှာ ဖြစ်ပါတယ်။

ဂုဏ်ရည်အေးကျော် တစ်ယောက် ရှေ့နှစ်ကသွားခဲ့တဲ့ နန်းခင်ဇေယျာ ထက်ကိုကျော်လွန်ပြီး
ဆုကြီးတွေချိတ်လာနိုင်မလား၊ ဒါမှမဟုတ် အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြပြီးမှ လက်ဗလာနဲ့
အိမ်ပြန်လာခဲ့ရတဲ့ မယ်စကြာဝဠာ မိုးစက်ဝိုင် လိုပဲ အကြောင်းမလှလို့ လက်ဗလာနဲ့ပဲ ပြန်လာ
ရမလားဆိုတာတော့ မြန်မာပြည်က ပရိသတ်တွေက စိတ်ဝင်စားနေကြတယ်ဆိုတာကိုတော့
အထူးပြောဖို့မယ် လိုမယ် မထင်တော့ပါဘူး။

လွင်မာထွန်း

မြန်မာတိုင်း(မ်)

ဆီးဂိမ်းအားကြိုဆိုရန် ထိုင်းအနုပညာရှင်များ ရန်ကုန် ရောက်

မြန်မာ နိုင်ငံ၌ပြုလုပ်မည့် ဆီးဂိမ်းအား ကြိုဆိုသောအားဖြင့် ထိုင်းအနု ပညာရှင်နှစ်ဦးဖြစ်သည့် ထိုင်းမင်း သား Mos Patiparn နှင့် Pee Mak မင်းသမီး Davika Hoorne တို့ ဒီဇင်ဘာ ၃ရက် မွန်းလွဲ ၁နာရီ မိနစ်၅ဝ တွင် ထိုင်းလေကြောင်း လိုင်း TG301 ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ ရောက်ရှိလာ သော အဖွဲ့ဝင်များမှာ စုစုပေါင်း ၁၁ဦးခန့်ရှိကာ ထိုင်းမင်းသမီးသည် ထိုင်းဘာသာဖြင့် 'ဆာဝါဒီခ' (မင်္ဂလာပါ)ဟု အကြိမ်ကြိမ် နှုတ်ဆက်ခဲ့ကြောင်း၊ ယင်းတို့အဖွဲ့သည် မြန်မာပရိသတ်များအား ဆီးဂိမ်း အထိမ်းအမှတ်အဖြစ် တွေ့ဆုံ ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

''ဒီနေ့မှာ ထိုင်းနိုင်ငံက Pee Mark မင်းသမီး လာမယ်။ မင်းသားနဲ့မင်းသမီးကိုယ်ပိုင်အဖွဲ့ ဝင်စုစုပေါင်း ၁၁ဦးပါဝင်ပါတယ်။ ဒီနေ့မှာတော့ မြန်မာအနုပညာ ရှင်တွေဖြစ်တဲ့ ကိုလူမင်း၊ စိုင်းစိုင်း တို့နဲ့ တွေ့ဆုံမယ်။ ညနေဘက် မှာ ဆီးဂိမ်း အကြို မြန်မာ ပရိသတ် နဲ့ Juction Square မှာ တွေ့မယ်။ မနက်ဖြန် နံနက်မှာတော့ ရွှေတိဂုံ စေတီတော်မြတ်ကြီးနဲ့ ဗိုလ် တထောင်စေတီတော်ကို ဖူးမြော် ကြမယ်လို့ ပြောပါတယ်''ဟု စီစဉ် သူ ADMA ကုမ္ပဏီမှ ဒု-ဥက္ကဋ္ဌ ဦဝေမင်းမောင်က ပြောသည်။

အဆိုပါအဖွဲ့ဝင်များသည် ဒီဇင်ဘာ ၃ရက်တွင် Jaunction Square ၌ မြန်မာပရိသတ်အား ဖျော်ဖြေသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၄ရက်တွင် ရွှေတိဂုံစေတီတော် မြတ်ကြီးနှင့် ဗိုလ်တထောင်စေတီ တော်မြတ်ကြီးကို ဖူးမြော်သွား မည်ဖြစ်သည်။ ထိုင်း အနု ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်ဖြစ်ပုံ နှင့်ပတ်သက်၍ ADMA ကုမ္ပဏီ မှ မြန်မာအနုပညာရှင် သရုပ် ဆောင်ဇာနည်ကလည်း ''ထိုင်း မင်းသမီး လာဖြစ်တာကတော့ ကျွန်တော်တို့ဆီက ကိုဝေမင်း မောင်က ဘန်ကောက် ကို သွား တော့ ချိတ်လာတယ်။ ဆီးဂိမ်း မှာ ပရိုမိုးရှင်းလုပ်ဖို့ ဖိတ်ခဲ့တယ်။ အခုလို ထိုင်းအနုပညာရှင်တွေ မြန်မာနိုင်ငံကိုလာတာ ကောင်းပါ တယ်။ ကျွန်တော်တို့ကုမ္ပဏီ အနေနဲ့ ပြည်ပက နှစ်ယောက် မြောက် ထိုင်းမင်းသမီးကို ဖိတ် ခေါ်နိုင် လို့ ကောင်းပါတယ်။ သူ တို့က အနုပညာအနေနဲ့လဲ ကောင်းပါတယ်။ မြန်မာတွေရဲ့ သရုပ်ဆောင်အရည်အသွေးကို ပြောရမယ်ဆိုရင် အခု ထိုင်း နိုင်ငံမှာ နာမည်ကြီးနေတဲ့ Pee Mark ဇာတ်ကားကို မြန်မာပြည် က သရုပ်ဆောင် တွေလဲ သရုပ် ဆောင်နိုင် လိမ့်လို့ ကျွန်တော် မြင်တယ်''ဟု ပြောသည်။ ထိုင်းမင်းသမီးနှင့် အဖွဲ့ဝင် များအား လေဆိပ်နှင့် လမ်းတစ် လျှောက်တွင် လုံခြုံရေးကုမ္ပဏီမှ အထူးလုံခြုံရေးအဖွဲ့ဝင်များက လုံခြုံမှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်ဦးဆောင်တဲ့ အထူးဘော်ဒီဂတ် စုစုပေါင်း ၁၅ဦး နဲ့ ထိုင်းအနုပညာရှင်တွေကို လုံခြုံ ရေးပေးထားတယ်''ဟု ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီမှ ဦးအောင်မိုး က ပြောသည်။ ထိုင်းအနုပညာရှင်များ နှင့် မြန်မာအနုပညာရှင်များ ပူး ပေါင်း ကာ မြန်မာပရိသတ်အား ဆီးဂိမ်းအကြို တွေ့ဆုံဖျော်ဖြေ ခြင်းအပြင် မြန်မာသရုပ်ဆောင် များနှင့် ပူးပေါင်းပြီး ထိုင်း-မြန်မာ ယဉ်ကျေးမှုများပါဝင်မည့် ရုပ်ရှင် ဇာတ်ကားတစ်ကားကို ရိုက်ကူး သွားမည်ဖြစ်သည်။

''နိုင်ငံတကာ ထိုးဖောက် ဖို့နဲ့ ထိုင်း-မြန်မာချစ်ကြည်ရေး အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးလဲ ရိုက်ကူးသွားမယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို ထည့်သွင်းရိုက် ကူးဖို့ ရှိပါတယ်။ မြန်မာ့ယဉ် ကျေးမှုတွေ ပါချင်လို့ မင်းသားကို ဧည့်လမ်းညွှန် ဇာတ်ရုပ် အဖြစ် ဖန်တီးထားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ယဉ်ကျေးမှုတွေကို လဲ ထည့်သွင်းရိုက်ကူးသွားပါ မယ်''ဟု ဦးဝေမင်းမောင်က ဆက် လက်ပြောသည်။ ယင်းဇာတ်ကားအတွက် ဇာတ်လမ်း၊ ဇာတ်ညွှန်းများကို ပြင်ဆင်နေပြီ ဖြစ်ပြီး ဇာတ်ကား တွင် ထိုင်း၊ မြန်မာ၊ အင်္ဂလိပ်ဘာ သာစကားများ ပြောဆိုမည်ဖြစ် ကာ ဇာတ်ကားအား အင်္ဂလိပ် စာတန်း၊ ထိုင်းစာတန်းများ ထိုး သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ရိုက်ကူးမည့် ရုပ် ရှင်ဇာတ်ကားတွင် အဆိုပါ မင်း သမီးနှင့် အတူ လူမင်း၊ စိုင်းစိုင်း ခမ်းလှိုင်တို့မှ ပါဝင်သရုပ်ဆောင် ရိုက်ကူးသွားမည်ဖြစ်သည်။

သူသူ ၊ နွေးနွေး
Yangon Media Group

Pee Mak မင်းသမီး Davika Hoorne နှင့် ထိုင်းမင်းသား Mos Patiparn ဓာတ်ပုံများ - ရဲနောင်(ဖယ်ခုံ)

အောင်မြင်မှု ပန်းတိုင် ရောက်ဖို့ ကြိုးစားနေသူ ခင်ရူပ

အနုပညာ ခံယူချက်တွေ ပြည့်ဝဖို့ ရှေ့ဆက် အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ မော်ဒယ် ခင်ရူပ နဲ့ တွေ့ဆုံခိုက် မှာ ခန္ဓာကိုယ် ထိန်းသိမ်းမှု နဲ့ ပတ်သက်ပြီး သူ့ရဲ့ လျှို့ဝှက်ချက် ကို မေးကြည့်တော့..

“ခင်ရူပက အစားအသောက် နဲ့ပဲ ထိန်းတာ များတယ်။ အဆီ အစိမ့်တွေ အစား အသီးအရွက်ကို ပိုစားတယ်။ ကိုယ် လက် လှုပ်ရှားမှု ကို အချိန်ပြည့် မလုပ်နိုင်တဲ့ အ တွက်ကြောင့် ဒီအစား အသောက် နဲ့ပဲ ထိန်းတယ်။ တခြား လျှို့ဝှက်ချက်တွေ မရှိပါဘူး” လို့ ပြောပြခဲ့ပါတယ်။ ခင်ရူပ အနေ နဲ့ ဒီမော်ဒယ်လောက တစ်ခု ကိုပဲ ရွေးချယ် လုပ်ဖြစ်သွား မှာလားလို့ မေးကြည့်တော့ “သူများနိုင်ငံမှာ ဆို မော်ဒယ်လိုင်း တစ်လိုင်းတည်း နဲ့ ရပ်တည်လို့ ရတဲ့ အနေအထား ရှိတယ်။ ဒီမှာလည်း အဲဒီလို ရှိစေ ချင်တယ်။ ဒီမှာ မော်ဒယ် ကိုပဲ ဝါသနာ ပါတဲ့ လူရှိတယ်။

အဲဒီလို သီးသန့် မော်ဒယ်လိုင်း နဲ့ သက်မွေး ဝမ်းကျောင်းလို့ ရရင်တော့ ကောင်းတယ်လို့ ပြောပြ ခဲ့ပါတယ်။ ခင်ရူပ အခု မော်ဒယ်လောက မှာ စူပါမော်ဒယ် ဆိုတဲ့ ခေါင်းစီးအောက် ရပ်နေပြီ လားလို့ မေးကြည့်တော့ “လူဆိုတာ ဝါသနာ ပါရာကိုပဲ ရွေးချယ် လုပ်ဆောင် တတ်ကြ တယ်။ ညီမရောပဲ။ ကိုယ့်ကိုယ် ကိုယ် အောင်မြင်လား မေးရင် မပြောတတ်ဘူး။

ဒါက ပရိသတ်တွေ သတ်မှတ်ပေး မှရတာပါ။ ပရိသတ် ကို မေးကြည့်ရင်တော့ ပိုပြီး အဖြေ မှန်လိမ့်မယ်” လို့ ပြောပြခဲ့ပါတယ်။ မော်ဒယ် တစ်ယောက် အတွက် အဝတ်အစား၊ ဖက်ရှင်၊ ဒီဇိုင်းက သိပ် အရေးကြီးတယ်။ လက်ရှိ နိုင်ငံခြားက model တွေနဲ့ တို့နိုင်ငံ က မော်ဒယ် ကွာခြားမှုက အဲဒီ ဖက်ရှင် အပိုင်းလို့ ပြောရင်တောင် ရတယ်လို့ ပြောပြခဲ့ပါတယ်။ အောင်မြင်မှု ပန်းတိုင်ရောက်ဖို့ ကြိုးစားနေတဲ့ ညီမရဲ့ ဘဝနဲ့ ချစ်ရေး ချစ်ရာကော ထူးခြားမှု ရှိလာပြီလားလို့ မေးကြည့်တော့..

“ခင်ရူပရဲ့ အချစ်ရေးကတော့ အေးဆေးပါပဲ”လို့ ပြောပြခဲ့ပါတယ်။

ထူးထူး
Popular Journal